What's new
What's new

ထုတ်ပြန်ချက်




အရေးကြီးသောစာများ




သတင်းအစီအစဉ်

ယခင်သတင်းများ
နိုင်ငံခြားသားအိမ်အကူများ/အလုပ်ရှင်များသိရမည့်အချက်များ
အင်ဒိုနီးရှားအစိုးရမှ ပြဋ္ဌာန်းထားသော “ရွှေ့ပြောင်းအလုပ်သမား နေရာချထားရေးအတွက် ၀န်ဆောင်ခများ ကင်းလွတ်ခွင့်” ဆိုင်ရာ စည်းမျဉ်း
  • အင်ဒိုနီးရှားအစိုးရမှ ပြဋ္ဌာန်းထားသော “ရွှေ့ပြောင်းအလုပ်သမားများ နေရာချထားရေး အတွက် ၀န်ဆောင်ခများ ကင်းလွတ်ခွင့်” ဆိုင်ရာ စည်းမျဉ်းကို 2021 ခုနှစ် ဩဂုတ်လ 2 ရက်နေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
  • အကောင်အထည်ဖော် ဆောင်ရွက်သည့်နေ့မှစတင်၍ ပြည်ပအလုပ်အကိုင်များအဖြစ် သတ်မှတ်ထားသော အလုပ်အမျိုးအစား ဆယ်မျိုးအတွက် (အိမ်အကူအလုပ်အပါဝင်) လျှောက်ထားသည့် အင်ဒိုနီးရှားနိုင်ငံသားများသည် ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာရပါမည်။ အင်ဒိုနီးရှားအစိုးရသည် အင်ဒိုနီးရှားတွင်ရှိသော အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေး အကျိုးဆောင်လုပ်ငန်းများအတွက် ကုန်ကျစရိတ်ဖွဲ့စည်းပုံ တစ်ခုကို ထုတ်ပြန်ထားခဲ့ပါသည်။
  • အသေးစိတ်အချက်အလက်နှင့် ကုန်ကျစရိတ်ဖွဲ့စည်းပုံအတွက် ဤနေရာကို နှိပ်ပါ။
အိမ်အကူအလုပ်သများများကို သတ်မှတ်ပမာဏထက် ပိုမိုအတိုးထားငွေချေးပြီး ၄င်းတို့၏ ပတ်စပို့များနှင့်အလုပ်စာချုပ်ကိုသိမ်းထားခြင်းသည် တရားမဝင်ပါ။
  • အိမ်အကူများအနေဖြင့်လည်း ငွေချေးဌားခြင်းကို မလုပ်ဆောင်သင့်ပါ။ ငွေကိုချေးဌားပြီး အလုပ်သွင်းပေးသည့်အေဂျင်စီကို ပြန်ဆပ်ခြင်းမပြုလုပ်သင့်ပါ။
  • အိမ်အကူများ၏ ငွေကြေးကိုင်တွင်မှု ကိစ္စရပ်များတွင် အလုပ်ရှင်နှင့် အလုပ်သွင်းပေးသည့် အေဂျင်စီများပါဝင်ခြင်း မပြုလုပ်ရပါ။
  • အိမ်အကူများ၏ ငွေကြေးကိုင်တွင်မှု ကိစ္စရပ်များတွင် အလုပ်ရှင်နှင့် အလုပ်သွင်းပေးသည့် အေဂျင်စီများပါဝင်ခြင်း မပြုလုပ်ရပါ။
  • ငွေချေးသူများအနေဖြင့်လည်း ဟောင်ကောင်မှ ငွေချေးလိုင်စင် ရှိရမည်ဖြစ်သည်။ ငွေချေးဌားသူသည် အတိုးကိုယူရာတွင် နှစ်စဉ်ငွေကြေးထက် ၄၈%
  • ငွေချေးဌားသူများနှင့်ပြဿနာတစ်စုံတစ်ရာရှိပါကရဲကိုတိုင်ကြားပါ။