Foreign Domestic Helpers' Corner Foreign Domestic Helpers' Corner

နှုတ်ခွန်းဆက် သတင်းစကား

ဤအင်တာနက်စာမျက်နှာသည် FDHs များတင်သွင်းမှု မူဝါဒအပါအဝင်၊ ဟောင်ကောင်တွင် ပြည်ပ အိမ်အကူများ(FDHs)၏ အလုပ်အကိုင်နှင့် စပ်လျဉ်းသတင်းအချက်အလက်များကို၊ FDHs များငှားရမ်းသည့် စံပြု အလုပ်အကိုင်စာချုပ် နှင့် အလုပ်သမားဆိုင်ရာ ဥပဒေများအောက်တွင် FDHs များနှင့် သူတို့ရဲ့အလုပ်ရှင်များ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဆိုင်ရာများ အသိပေး ကြေငြာခြင်းများနှင့် ပြန်ကြားခြင်းဆိုင်ရာ အချက်အလက်များအဖြစ်လည်း ဖော်ပြပေးသည်။ FDHs နှင့် သူတို့၏အလုပ်ရှင်များ နှစ်ဖက်လုံးအား စာချုပ်မချုပ်ဆိုမီ သို့မဟုတ် အလုပ်အကိုင်အများ၏ သင်တန်းကာလအတွင်း သက်ဆိုင်ရာအထောက်အကူ အချက်အလက်များအဖြစ် ဤဝဘ်ဆိုက်ထဲတွင် သတင်း အချက်အလက်များကို ဖတ်ရန် တိုက်တွန်းထားသည်။

အလုပ်အကိုင်အေဂျင်စီ (EAs) များမှတဆင့်အလုပ်ရှင်များ FDHs ခေါ်ယူခန့်ထားရမည် သို့မဟုတ် FDHs များအလုပ်အကိုင်ရရှိရမည် ဆိုသည်မှာ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ လိုအပ်ချက် မဟုတ် ပေမယ့် ၎င်းသည် ဟောင်ကောင်နိုင်ငံသားများ၏ FDHs များအလုပ်ခန့်ရာတွင် အသုံးပြုသော အများဆုံးယေဘုယျ လမ်းကြောင်းဖြစ်သည်။ FDHs များ၏ သက်ဆိုင်ရာ မိခင်နိုင်ငံများတွင်လည်း ထိုကဲ့သို့သောလိုအပ်ချက်များ ရှိနေနိုင်ပြီး ၎င်းတို့သည် မတူညီသော နိုင်ငံများမှ ကူး၍လာခြင်းဖြစ်သည်။ FDHs များ နှင့်အလုပ်ရှင်များ ကိုလည်း EAs များ၏ ဝန်ဆောင်မှုများကို အသုံးပြုသောအခါ အဓိကအချက်များကို သိရှိမှတ်သားမိနေစေရန် “အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုနှင့် စေ့စပ်ညှိနှိုင်းခြင်း” အခန်းက ဖတ်ရှုထားစေခဲ့ပါသည်။ သူတို့သည် ဟောင်ကောင်ရှိ တရားဝင်လိုင်စင်ရှိသော EA(s)များကို ရှာဖွေဖော်ထုတ်ရန စာမျက်နှာတွင်ရှိသော ရှာဖွေရေးအင်ဂျင်ကိုလည်း အသုံးပြုနိုင်သိ။

FDHs ၏အလုပ်အကိုင်လျှောက်ထားမှုများအတွက် စံချိန်စံညွှန်းပြည့်မှီရေးနှင့် လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအတွက်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ၏ဝက်ဘ်ဆိုက်သို့ သွားရောက်ကြည့်ရှုပါ။

သတင်းများက ဘာလဲ
    

အထွေထွေမူဝါဒ

အစိုးရသည် ပြည်တွင်းမှ အမြဲနေထိုင်သည့်အိမ်အကူ ရှားပါးမှုကို ဖြေရှင်းနိုင်ရန် ၁၉၇၀ ပြည့်နှစ်များမှစ၍ ပြည်ပမှအိမ်အကူ(FDHs) တင်သွင်းမှုကို ခွင့်ပြုခဲ့သည်။ အဆိုပါအစီအစဉ်သည် ဒေသခံလုပ်သားများသည် အဓိကအားဖြင့် အလုပ်ခွင်တွင် ပျော်ရွှင်ကျေနပ်မှုရှိသင့်သည်ဟူသော အစိုးရ၏ အလုပ်သမားမူဝါဒ၏ အခြေခံဥပဒေသနှင့်အညီ ဖြစ်ပါတယ်။ အလုပ်ရှင်များသည် ဟောင်ကောင်တွင် သင့်လျော်သော ဒေသခံ လုပ်သားများ ခေါ်ယူရန် အခက်အခဲ ရှိမှသာလျှင် ပြည်ပမှလုပ်သားများကို တင်သွင်းနိုင်သည်။

အစိုးရသည် FDHs နှင့် အလုပ်ရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ရန် စံပြု အလုပ်ခန့်ထားရေး စာချုပ် (SEC) (ဖောင် ID 407) ကို ပြဋ္ဌာန်းထားပါသည်။ သင်သည် "ဟောင်ကောင်ပြင်ပမှ ခေါ်ယူထားသော အိမ်အကူ အိမ်ဖော်အတွက် အလုပ်ခန့်ထားရေး စာချုပ်" (ID 407) ကို ရယူလိုပါက သင်၏ သက်ဆိုင်ရာ လိပ်စာ နှင့် ဆက်သွယ်ရန် နံပါတ်အား enquiry@immd.gov.hk သို့ အီးမေးလ်ဖြင့်လည်းကောင်း Information and Liaison Section, Upper Ground Floor, Administration Tower, Immigration Headquarters, 61 Po Yap Road, Tseung Kwan O, New Territories သို့ စာပေးပို့ခြင်းဖြင့်လည်းကောင်း ပေးပို့ပါ။

အလုပ်သမားဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုမှ ကမ်းလှမ်းတင်ပြသော အကာအကွယ်ပေးခြင်းဆိုင်ရာသို့ ဖြည့်စွက်သည်မှာ အကာအကွယ်ပေးခြင်းဆိုင်ရာ ဖြည့်စွက်ချက်ကို FDHs များ ရရှိခံစားနိုင်ရန် အလုပ်ရှင်မှ စီစဉ်ပေးရမည့် အခမဲ့နေရာထိုင်ခင်း၊ အခမဲ့အစားအသောက်နှင့် အခမဲ့ဆေးဝါးကုသစောင့်ရှောက်မှု စသည် တို့ကို SEC တွင် ထည့်သွင်းသည်။ အငြင်းပွားကိစ္စများတွင် FDHs များနှင့် သူတို့၏အလုပ်ရှင်များသည်လည်း အလုပ်သမားရေးရာဦးစီးဌာန (အလုပ်သမားဦးစီးဌာနရှိ အလုပ်သမားရေးရာဆက်ဆံရေးဌာနခွဲရုံးများ၏ လိပ်စာများနှင့်အဆက်အသွယ်အသေးစိတ်ကို ဒီမှာနှိပ်ပါ) မှပေးထားသော အခမဲ့တိုင်ပင်ဆွေးနွေးနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း ဝန်ဆောင်မှုကို အသုံးပြုခွင့်ရှိသည်။ ညှိနှိုင်းဆောင်ရွက်ပေးခြင်းအားဖြင့် ဖြေရှင်းမှုကိုမနိုင်လျှင်၊ စီရင် ဆုံးဖြတ်ချက်ချနိုင်ရန် အဆိုပါကိစ္စကို အလုပ်သမားရေးရာခုံရုံး သို့မဟုတ် အသေးစား အလုပ်အကိုင် စီရင် ဆုံးဖြတ်ရေးဘုတ်အဖွဲ့ သို့ ရည်ညွှန်းတင်ပြရမည်။

ဒေသခံလုပ်သားများ၏ အလုပ်အခွင့်အလမ်းများ ကဲ့သို့ပင် အလုပ်ရှင်များကိုလည်း အကာအကွယ်ပေးရန်၊ အချိန်ပိုင်းအလုပ်၊ သို့မဟုတ် လက်မှတ်ရေးထိုးခဲ့သောစာချုပ်များ သတ်မှတ်ဖော်ပြထားသော သူတို့အလုပ်ရှင်များ၏ လိပ်စာများတွင်မဟုတ်ပဲ အခြားနေရာများတွင် လုပ်ကိုင်ရန် အပါအဝင် အခြားအလုပ်အကိုင်များ လုပ်ကိုင်ခြင်းကို FDHs များအား ခွင့်မပြုပါ။

အလုပ်ရှင်များနှင့် FDHs များ၏အခွင့်အရေးနှင့်တာဝန်ဝတ္တရားအပေါ် မြန်ဆန်သော လမ်းညွှန်ကိုးကားချက် ပေးနိုင်ရန်၊ FDHsများ နှင့်သူတို့၏အလုပ်ရှင်များ တင်ပြလေ့ရှိသော ယေဘုယျမေးခွန်းအချို့ကို ခြုံငုံ ဖြေဆိုပေးရန်၊ "ပြည်ပ အိမ်အကူများ အလုပ်အကိုင်အတွက် လက်တွေ့လမ်းညွှန် – ပြည်ပ အိမ်အကူများနှင့် သူတို့၏အလုပ်ရှင်များသိသင့်သည်များ" ကို အလုပ်သမားရေးရာဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။ အလုပ်သမားဥပဒေများနှင့် SEC ၏အောက်တွင်ရှိသည့် FDHs နှင့်အလုပ်ရှင်များ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများဆိုင်ရာအချက်အလက်များ ပိုမိုရရှိနိုင်ရန် သင်သည် "ပြန်ကြားခြင်းဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ် အသိပေး ကြေငြာခြင်း များ" အခန်းကဏ္ဍသို့လည်း လာရောက်ကြည့်ရှုနိုင်သည်။

စာချုပ်ဆိုင်စာတန်းဆိုင်ရာနှင့် ဥပဒေအရပြဋ္ဌာန်းထားသော ရပိုင်ခွင့်များအပေါ် FDHsများ၏ အမေးအဖြေများအတွက်၊ ကျေးဇူးပြု၍ ဒီမှာနှိပ်ပါ။

သက်ဆိုင်မှုရှိသော လင့်ခ် : ပြည်ပ အိမ်အကူများ ငှားရမ်းခြင်း


အနိမ့်ဆုံးလုပ်ခလစာ (MAW)

MAW ဆိုသည်မှာ FDHs များအားကမ်းလှမ်းထားသည့်လုပ်အားခ ကာကွယ်စောင့်ရှောက်ရေးဖြစ်ပါသည်။ စာချုပ်လက်မှတ်ရေးထိုးချိန်တွင် သက်မှတ်ထားသော MAW ထက်မနည်းသော လစာကို အလုပ်ရှင်များမှ FDHs များအား ပေးရမည်။ ဤအကာအကွယ်ပေးမှုများသည် တဖက်တွင် FDHs များကို ခေါင်းပုံဖြတ်ခြင်းမှ ဟန့်တား ကာကွယ်ထားပြီး၊ ဈေးနှုန်းသက်သာသော ပြည်ပလုပ်သားများမှ ဒေသခံလုပ်သားများအပေါ် အားပြိုင်မှု ကိုလည်း ကာကွယ်ပေးထားသည်။ အဆိုပါ MAW အား ဟောင်ကောင်ရှိအထွေထွေစီးပွားရေးနှင့် အလုပ်အကိုင်အခြေအနေနှင့် ပတ်သက်ပြီး၊ ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသအစိုးရမှ ပုံမှန် ပြန်လည်သုံးသပ်ပါလိမ့်မည်။

2026 အောက်တိုဘာလ 3 ရက်နေ့မှ စတင်အကျိုးသက်ရောက်သော FDHs အတွက် MAW သည် တစ်လလျှင် $5,220 ဖြစ်ပြီး 2026 အောက်တိုဘာလ 3 ရက်နေ့ သို့မဟုတ် ၄င်းရက်နောက်ပိုင်း လက်မှတ် ရေးထိုးထားသော စာချုပ်များနှင့် သက်ဆိုင်ပါသည်။ ယခင် MAW သည် $5,100 ဖြစ်ပြီး 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်မှ 2026 အောက်တိုဘာလ 2 ရက်နေ့အတွင်း လက်မှတ်ထိုးထားသော စာချုပ်များနှင့် သက်ဆိုင်ပါသည်။


အရေးကြီး အချက်များ

Labour Department to hold online briefing for employers of foreign domestic helpers

The Labour Department (LD) will hold an online briefing on the employment of foreign domestic helpers (FDHs) on November 19 (Thursday) at 7pm. Enrolment is now open. The online briefing will provide an overview of the employment rights and obligations of employers of FDHs. Representatives from the Immigration Department will also speak on the Immigration Ordinance and related legislation applicable to the employment of FDHs, as well as to share insights on building a safe community. Employers of FDHs, especially first-time employers, are welcome to attend. Please click here for details.

အပြင်ဘက်မျက်နှာစာတွင်ရှိသော ပြတင်းပေါက်များကို သန့်ရှင်းရေးလုပ်သည့်အခါ အလုပ်သမား၀န်ကြီးဌာနသည် နိုင်ငံခြားသားအိမ်အကူများ၏ ဘေးကင်းလုံခြုံရေးနှင့် ပက်သက်၍ အထူးစိုးရိမ်လျက်ရှိပါသည်။ 

နိုင်ငံခြားသားအိမ်အကူ (FDH) တစ်ဦးမှ အပြင်ဘက်မျက်နှာစာတွင် ရှိနေသော ပြတင်းပေါက်ကို သန့်ရှင်းရေးလုပ်သည့်အခါ အလုပ်သမား၀န်ကြီးဌာန (LD) သည် အစောပိုင်းက ဖြစ်ပွားခဲ့သော အသက်ဆုံးရှုံးရသည့် မတော်တဆမှုနှင့်ပတ်သက်၍ အထူးစိုးရိမ်လျက်ရှိပါသည်။ မြေညီထပ် သို့မဟုတ် လသာဆောင်နှင့်ကပ်လျက်တွင် မရှိသော (FDH အလုပ်လုပ်ရန် ကျိုးကြောင်းဆီလျော်စွာ ဘေးကင်းရမည်) သို့မဟုတ် စင်္ကြလမ်းရှိ ပြတင်းပေါက်များ၏အပြင်ဘက်ကို သန့်ရှင်းရေးလုပ်ရန် FDH အား မတောင်းဆိုမီ အောက်ပါအခြေအနေနှစ်ခုကို လိုက်နာရမည်ဖြစ်ကြောင်း LD မှ အလုပ်ရှင်များအား သတိပေးပါသည်။

1.သန့်ရှင်းပြီးပါက ပြတင်းပေါက်ဖွင့်ခြင်းကို တားဆီးသည့်အနေဖြင့် သော့ခတ်ထားပါ သို့မဟုတ် ခိုင်မာသောသံဗန်းကို တပ်ဆင်ထားပါ နှင့်

2.လက်နှစ်ဖက်မှလွဲ၍ FDH ၏ မည်သည့်ခန္တာကိုယ်အစိတ်အပိုင်းမှ ပြတင်းပေါက်၏ အထစ်ကို မကျော်လွန်ရပါ။

အထက်ဖော်ပြပါ လိုအပ်ချက်ကို အလုပ်ရှင်များနှင့် FDHs တို့မှ လိုက်နာသင့်ကြောင်း FDHs အတွက် စံချိန်စံညွှန်းညီ အလုပ်သဘောတူစာချုပ်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ စာချုပ်အားချိုးဖောက်ပြီး အပြင်ဘက်မျက်နှာစာတွင် ရှိနေသော ပြတင်းပေါက်များကို သန့်ရှင်းရေးပြုလုပ်ရန် အလုပ်ရှင်မှ FDH ကို တောင်းဆိုလာပါက FDH သည် ထိုတောင်းဆိုမှုကို ငြင်းပယ်သင့်ပါသည်။ FDHs သည် သီးသန့် FDH ဟော့လိုင်းနံပါတ် 2157 9537 မှတဆင့် LD ထံမှ အကူအညီ ရယူနိုင်ပါသည်။

လုံခြုံမှုမရှိသောအခြေအနေတွင် တာဝန်များကိုထမ်းဆောင်နေသော FDH တစ်ဦးကို မြင်တွေ့ပါက (ဥပမာ - ဘေးကင်းရေး အထောက်အကူပစ္စည်းများမပါဘဲ အလုပ်လုပ်ခြင်း သို့မဟုတ် အမြင့်တွင်ရပ်နေခြင်း) သို့မဟုတ် အန္တရာယ်နှင့်ရင်ဆိုင်ရပါက ရဲတပ်ဖွဲ့ထံသို့ ချက်ချင်းသတင်းပေးပို့ရန် LD သည် ပြည်သူလူထုအား ပန်ကြားထားပါသည်။

တရား၀င်ပိတ်ရက်များ တိုးမြှင့်ခြင်း

2026 ခုနှစ်မှ စ၍ အီစတာတနင်္လာနေ့သည် အလုပ်သမားဥပဒေအောက်တွင် အသစ်ထည့်သွင်းထားသော တရားဝင်ရုံးပိတ်ရက်ဖြစ်လာမည်ဖြစ်သည်။ အသေးစိတ်သိရှိရန် ကျေးဇူးပြု၍ https://www.labour.gov.hk/eng/news/EAO2021.htm သို့ ဝင်ရောက်ကြည့်ရှုပါ။